Home

မြိတ် ကတ်ကြေးကိုက်
မြိတ်ကအမျိုးတွေ လေယာဉ်နဲ့ ရန်ကုန်လာတဲ့အခါ တစ်ခါတလေ မြိတ်ကတ်ကြေးကိုက် ဝယ်လာတတ်ကြတယ်။မြိတ်ကတ်ကြေးကိုက်က ညှပ်ခေါက်ဆွဲအသားကအစ ခပ်တောင့်တောင့်လေးနဲ့ သိပ်စားကောင်းတယ်။ရန်ကုန်ကညှပ်ခေါက်ဆွဲသားက ကြော်ရင် ကြေမွနေလို့ မကြိုက်ဘူး။ ကတ်ကြေးကိုက်ထဲမှာ ဝက်သား၊ကျားပုစွန်၊ကင်းမွန်၊ဝက်အူချောင်းနဲ့ တစ်ခါတလေ ပုစွန်လက်မတောင်ပါသေး။
မြိတ်ကတ်ကြေးကိုက်ထဲမှာ ကင်းမွန်ထည့်ကြော်တာ ကတ်ကြေးကိုက်ရဲ့ အနံ့အရသာကို ပိုကောင်းစေပါတယ်။အခုညှပ်ခေါက်ဆွဲကိုလည်း ရိုးရိုးညှပ်ခေါက်ဆွဲနဲ့မကြော်ပဲ အချပ်လိုက် ကြိုက်တဲ့ပုံစံ ပြန်ညှပ်လို့ရတဲ့ ညှပ်ခေါက်ဆွဲကို သုံးထားပါတယ်။
✅ ကဲ ကြော်လိုက်ကြရအောင်
✅ ပါဝင်ပစ္စည်း
● ညှပ်ခေါက်ဆွဲ – ၅၀ သား(မညှပ်ရသေးတဲ့ အချပ်လိုက်)
● ပဲပင်ပေါက် – ၂၅ ကျပ်သား
● ကြက်သွန်မြိတ် – အနည်းငယ်
● ဝက်(သို့)ကြက်သား – ၁၀ သား
● ကင်းမွန် – ၄ကောင်
● ဝက်အူချောင်း – ၄ ချောင်း
● ဘဲဥ – ၂ လုံး
● ကြက်သွန်နီ – ၂ ဥ
● ကြက်သွန်ဖြူ – ၄ မြွာ
● ဆီ – ၁၀ ကျပ်သား
● ဆား – အနည်းငယ်
● ဟင်းခတ်မှုန့် – အနည်းငယ်
● ပဲငံပြာရည် အပျစ် – ၂ ဇွန်း(ဟင်းစားဇွန်း)
● ပဲငံပြာရည် အကျဲ – ၂ဇွန်း (ဟင်းစားဇွန်း)
● ခရုဆီ – အနည်းငယ်
● ငရုတ်ကောင်းမှုန့် – အနည်းငယ်
● ပဲ ပြုတ် – ၂၀ သား
● ပအုံးရည် အချဉ်အတွက် ပအုံးရည် – ၁ခွက်
● ဆန်ချိန်ခွက် သကြား – ၂ဇွန်း ( ဟင်းစားဇွန်း)
● ငရုပ်သီး အကြမ်းဖတ် – ၂ဇွန်း ( ဟင်းစားဇွန်း)
● ကြက်သွန်ဖြူ – ၂ မွှာ
✅ ကြက်သွန်ဖြူ၊သကြားနှင့် ငရုတ်သီးအကြမ်းဖတ်များအား ညက်အောင် ရောထောင်းပြီး ပအုံးရည်ဖြင့် ဖျော်ထားပါ။ ကတ်ကြေးကိုက်ဖြင့် တွဲဖက်စားသုံးရန်အတွက် အချဉ်ဖျော်ထားသည့် ပအုံးရည် ၃ပုံ ၁ပုံအား ပဲပင်ပေါက်အနည်းငယ်ဖြင့် ရောနယ်ထားပါ။
✅ ကျန်ပအုံးရည် အချဉ်မှာ ကတ်ကြေးကိုက်ကြော်ရန်အတွက် ဖြစ်ပါတယ်။ ကတ်ကြေးကိုက် ကြော်ဖို့အတွက် ညှပ်ခေါက်ဆွဲဖတ် ကောင်းကောင်းလိုပါတယ်။ စျေးထဲက ညှပ်ခေါက်ဆွဲဖတ်တွေက အပြားသေးပြီး ကြေလွယ်တဲ့အတွက် ကတ်ကြေးကိုက်ကြော်ဖို့ ကျွန်မကတော့ သိပ်မကြိုက်ပါဘူး။ အိမ်မှာ ကတ်ကြေးကိုက်ကြော်မယ်ဆိုရင် စျေးထဲက မညှပ်ရသေးတဲ့ ညှပ်ခေါက်ဆွဲ အချပ်လိုက်ကြီးတွေ ဝယ်ပြီး ကိုယ်လိုတဲ့အရွယ်အစားပြန်ညှပ်ပြီး ကြော်ပါတယ်။ ကတ်ကြေးကိုက် စကြော်ဖို့အတွက် ပြင်ဆင်ပါမယ်။
✅ ညှပ်ခေါက်ဆွဲ ဖတ်တွေကို ပဲငံပြာရည်အနောက်၊အကြည် ၊ခရုဆီ၊ဆား၊ဟင်းခတ်မှုန့်တို့နဲ့ ခပ်ဖွဖွ ရောနယ်ထားပါမယ်။ ဝက်သားကို အတုံးသေးသေးလေးတွေ လှီးဖြတ်ထားပါမယ်။ဝက်အူချောင်းကိုလည်း အနေတော် အမြောင်းလေးတွေ လှီးဖြတ်ထားပါမယ်။ကြက်သွန်နီကို လေးစိပ်စိပ်ပြီး ကြက်သွန်ဖြူကိုတော့ ဓားပြားရိုက်ထားပါမယ်။ ကြက်သွန်မြိတ်ကို ခပ်ကြမ်းကြမ်းစဉ်းထားပါမယ်။
✅ ကတ်ကြေးကိုက်ကြော်ဖို့အတွက် ကျယ်ကျယ်ဝန်းဝန်း မွှေလို့ကောင်းမယ့် ဒယ်အိုးသုံးပေးတာ ကောင်းပါတယ်။ဒယ်အိုး ပူလာရင်ဆီထည့် ပူလာရင် ဝက်သားထည့်ကြော်ပါမယ်။အသားတွေကျစ်လာရင် ရေအနည်းငယ်ထည့်ပါ။ပြီးရင် ကင်းမွန်ကို အကွင်းလေးတွေ လှီးထည့်ပါ။ပဲငံပြာရည်အနောက်နဲ့ သကြားအနည်းငယ်ထည့်ပါ။ဝက်သားနဲ့ ကင်းမွန်ကျက်ပြီး ရေခန်းလာရင် ဝက်အူချောင်းထည့်ကြော်ပါ။ကြက်သွန် ဖြူ၊နီထည့်ပါ အနည်းငယ်နွမ်းလာရင် ပဲပင်ပေါက်ထည့်ကြော်ပါ။ပဲပင်ပေါက် ခပ်စိမ်းစိမ်းကြိုက်ရင် ညှပ်ခေါက်ဆွဲ ထည့်ပြီးမှ ထည့်ကြော်ပါ။ ပဲပင်ပေါက်အနည်းငယ်နွမ်းလာရင် ပအုံးရည်အချဉ်ထည့်ပါ။ပအုံးရည်များအနည်းငယ်ဆူလာပါက ညှပ်ခေါက်ဆွဲ နယ်ထားသည်များ ထည့်ကြော်ပါ။မကြေစေရန် အောက်မှအပေါ်သို့ မြှောက်ပြီး မွှေပါ။
✅ အရသာ အပေါ့အငံ မိမိစိတ်ကြိုက်ပြင်ပါ။ကတ်ကြေးကိုက်ရပါက ဒယ်အိုးအလည်တွင် ဘဲဥကြော်ရန် နေရာဖယ်ပြီး ဘဲဥ၂လုံးအား အနှစ်ဖောက်ပြီးကြော်ပါ။ကျက်ပါက ခပ်ဖွဖွ ရောမွှေပါ။ ကတ်ကြေးကိုက် ချခါနီးတွင် ပဲ ပြုတ်၊ကြက်သွန်မြိတ်နဲ့ ငရုတ်ကောင်းများ ထည့်မွှေပါ။ ကတ်ကြေးကိုက်ကို ချဉ်စပ်ကြိုက်ရင် ပအုံးရည်အချဉ် ပိုထည့်ပြီး ကြော်နိုင်ပါတယ်။တွဲဖက်စားသုံးဖို့အတွက် ပအုံးရည်အချဉ်နဲ့ ပဲပင်ပေါက်ရောနယ်ထားတဲ့ အချဉ်ကို သုံးနိုင်ပါတယ်။
✏️ – Kay Khine
Warmae #Warmae_Food #MyanmarFood #FoodMaking
Article

  • ြမိတ်သတင်းစုံတင် ြကမည်
    အလုပ်အကိုင်အခွင့်အလမ်း 👍👍👍👍👍 Urgent Position Rent2Own Co.,Ltd – ပုလောရုံးခွဲတွင်တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းအမြန်အလိုရှိသည်။ Local Sales Leader – M/F လုပ်ငန်းလိုအပ်ချက်များ ဘွဲ့ရသို့ကျောင်းကိစ္စကင်းသူဖြစ်ရမည်။ Computer, Email, Gmail အသုံးပြုတတ်သူဖြစ်ရမည်။ အရောင်းပိုင်းနှင့်ရုံးပိုင်း စီမံခန့်ခွဲမှုဆိုင်ရာအတွေ့အကြုံရှိရမည်။ Customerများအားပြေပြစ်စွာပြောဆိုတတ်ရမည်။ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့်လုပ်ကိုင်တတ်ရမည်။ Reporting အပိုင်းကောင်းစွာတင်ပြနိုင်ရမည်။ ကိုယ်ပိုင်ဆိုင်ကယ်ရှိပြီးကျွမ်းကျင်စွာမောင်းနှင်တတ်ရမည်။ (လိုအပ်လျှင်ခရီးသွားလာနိုင်ရမည်) လုပ်ငန်းနှင့်ပတ်သတ်သောသင်တန်းပေးမှုကိုလိုက်နာသူဖြစ်ရမည်။ ရုံးချုပ်မှညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရမည်။ လစာအပြင်ကော်မရှင်ခံစားခွင့်ရရှိမည်။Continue reading “ြမိတ်သတင်းစုံတင် ြကမည်”

New recipes posted weekly

Design a site like this with WordPress.com
Get started